ရိုးရာဂီတတွင် တူရိယာအသစ်များ ထည့်သွင်းတီးခတ်သောအခါ အနုရသပိုင်းဆိုင်ရာ လိုက်ဖက်စပ်အပ်မှု့ကို ချန်လှပ်ထားလေ့ရှိသည်။ ဂီတပညာရှင်များသည် ရသမြောက်ခြင်း ပြေပြစ်ချောမွေ့ ပနံရလှပခြင်းထက် အသစ်အဆန်းတီထွင်လိုခြင်း၊ အတွေ့အကြုံ ရသသစ်ပေးလိုခြင်း၊ ပရိသတ်ကိုဆွဲဆောင်လိုခြင်း၊ ခေတ်မှီလိုခြင်းဟူသော အချက်များကိုသာ အသားပေး အလေးမူကြသည်။ ဤသို့ဖြင့် ရိုးရာတူရိယာများနေရာတွင် Violin, Cello, Guitar, Keyboard စသည့်အနောက်တိုင်းတူရိယာများ ၀င်ရောက်ပေါင်းစပ်လာလေသည်။ ခေတ်ပေါ်တူရိယာများတွင် ကီးဘုတ်သည် အသုံးအတွင်ကျယ်ဆုံး တူရိယာဟုဆိုရပေမည်။
အခြားတူရိယာများ၏ အသံကို တုပနိုင်ခြင်း နှင့် အခြားအသံမျိုးစုံဖန်တီးနိုင်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။ အဆင့်မြင့်နည်းပညာအသုံးပြုထားသဖြင့် အသံများကိုမှတ်သား ပေါင်းစပ်နိုင်ခြင်း၊ သိုလှောင်နိုင်ခြင်းစသော အချက်များကြောင့် ရိုးရာတူရိယာများနေရာတွင် အစားထိုးအသုံးပြုလာကြရာမှ နောက်ပိုင်းတွင် မရှိမဖြစ်လိုအပ်လာလေသည်။ တဖန် ကီးဘုတ်ကိုအသုံးပြုခြင်းဖြင့် ဂီတသစ်ဟူ၍လည်း ဆိုနိုင်လာလေ၏။ ဖွဲ့ဖြိုးဆဲအရှေ့တောင် အာရှနိုင်ငံတော်တော်များများတွင် ကီးဘုတ်သည် ခေတ်မှီခြင်း၏ သင်္ကေတဖြစ်သည်။ ခေတ်ပေါ်နည်းပညာ၏ သရုပ်သကန်လည်းဖြစ်၏ Octave နှစ်ခု သုံးခုသာပါရှိသော ကလေးကစားစရာဆန်ဆန် ကီးဘုတ်များပင်လျှင် အချို့ ရိုးရာတူရိယာများ၏အသံကို တုပနိုင်ခြင်း အသံမြောက်များစွာကို တပြိုင်နက် တီးခတ်နိုင်ခြင်းတို့ကြောင့် ကီးဘုတ်ကို အသုံပြုတီးခတ်ခြင်းဖြင့် ခေတ်ပေါ်တေးဂီတဟူသော တံဆိပ်ကို ခပ်နှိပ်လာကြသည်။ ဟောင်းနွမ်းဆွေ့မြေ့နေသော ဂီတအဖြစ်မှ ဆွဲထုတ်ကယ်တင်သော ကျေးဇူးရှင်ကြီးပါတကား……(Campur Sari: A Reflection/Rahayu Supanggah)

No comments:
Post a Comment